Monday 14 May 2012

G mail လုံခြုံဖို့ နည်းလမ်းလေးများ



ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့် တစ်ခုလုံခြုံဖို့မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊ G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…



1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ

G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့ G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေလို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာသော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။ ကျွန်တော် တို့တွေ အဲလို ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့ အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File Transfer Protocol) location တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင် www.gmail.com လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။

 

2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ

Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့ Computer Program တစ်ခု ဆိုတာ သိပြီး ပြီးဟုတ်။ Keystrokes တွေ အားလုံးကို မှတ်တယ်။ Text File လေးအဖြစ် သိမ်းတယ် ပြီးတော့ Email address တစ်ခု ဒါမဟုတ် FTP sever ကိုပို့တယ် နောက်ဖက်မှာ Run နေတဲ့ Process တစ်ခုလုံးကို တကယ်ကို ကျွန်တော် တို့ သတိ မမူမိဘူးနော်။ ကျွန်တော် တို့က E mail စစ်ဖို့ Local Internet café တစ်ခု ကိုသွားမယ် Café Staff ကလည်း ကွန်ပျူတာတိုင်း မှာ အဲဒါ တပ်ထားမယ် ဆိုရင် User Name နဲ့ Passward လည်း ရိုက်ရော စတင် အလုပ်လုပ်ပြီး တစ်ခြား E mail ထဲ ပို့လိုက်ပြန်ရော ဆိုင်ကလည်း ပြန်ရော ကိုယ့် အကောင့်ကို Hack ခံလိုက်ရပြန်ရော။ဒါကြောင့် ကိုယ့် ရဲ့ ထိန်းချုပ်မှု မရှိတဲ့ Public places တွေနဲ့ local café တွေ မှာ Mail မစစ်ပါနဲ့၊ ( ဆိုင်မှာပဲ သုံးရတဲ့ သူတွေ ဘယ်နှယ့်လုပ်ရပါ့ ) ဟီးးးး

 

3.ဒုတိယ E mail အကောင့်ထဲကို E mail တွေ ကို Forward လုပ်ပေးပါ။

Local Internet café တွေ Public Computer တွေမှာ E mail လည်းစစ်ရမယ် Keylogger တွေ တပ်ထားမှာလည်း ကြောက်ရတယ်ဆိုရင်တော့ ဒီအချက်လေး တွေ ကိုကြည့်ပါအုံး

Passward အသစ်နဲ့ တစ်ခြား G mail အကောင့်တစ်ခု ဖွင့်ပါ။ အရင် အကောင့်ရဲ့ Password နဲ့ လုံဝ မတူသင့်ပါဘူး။

အရင်အကောင့်နဲ့ G mail ကို Log In ၀င် Setting ကိုသွား “Forwarding and POP/IMAP” tab. ကိုတွေ့တယ်ဟုတ် အဲဒိက Forward a copy incoming mail to မှာ ခုနက အကောင့် သစ်ကို ထည့် လိုက်။ပြီးတော့ Save လိုက်။ ဒါဆိုရင် Primary G mail ထဲကို ၀င်လာသမျှ mail တွေ Secondary Mail address ထဲကို Auto ရောက်လာပါလိမ့်မယ်။

Public Computer မှာ Mail စစ်တဲ့ အခါတိုင်း Secondary Email ကိုပဲ သုံးပါ ဒါဆိုရင် hack ချင်တဲ့ သူတိုင်း အဲဒီ Secondary Email ကို ပဲ ဟတ်ပါစေတော့လေ။ ဒါပေမယ့် အဲဒီ ယာယီ အကောင့် ထဲမှာ အရေးကြီးတဲ့ E mail password နဲ့ user name တွေ ကိုတော့ သိသိသာသာ ကြီး မချန်ခဲ့ပါနဲ့ဗျာ။

အရေး ကြီးဆုံးက ပုံမှန် ဆိုသလို ချိုကြားချိုကြား မေးတွေ ဖျက်ပေးပါအုံး။ ရယ်စရာများကောင်းနေမလားဗျာ ဒါပေမယ့် လုံခြုံတဲ့ ဘက်မှာဖြစ်ဖို့တော့ ပိုမိုကောင်းမှာပါ။

အရေးကြီးဆုံးတော့ Secondary E mail ကို Primary E mail account ရဲ့ Password recovery option မှာ လုံးဝ မထားဖို့ပါပဲ။ အဲဒီ Secondary account က Public computer တွေ မှာ မေး စစ်ဖို့ အတွက်ပါပဲ။

 

4. ပုံမှန် G mail အကောင့်ရဲ့ လုပ်ဆောင်ချက်တွေ ကို စစ်ပေးပါ။

ကျွန်တော် တို့တွေ ကိုယ့် G mail အကောင့်ကို Log In ၀င်ဖို့ သုံးတဲ့ ကွန်ပျူတာရဲ့ IP address ကို စစ်ကြည့်နိုင်ပါတယ်။ IP ရှာဖို့က G mail ကို Log In ၀င် လိုက်တာနဲ့ အောက်ခြေနားလေးမှာ Account activity detail ကို Click ကြည့်ပါ။ ပုံမှာ ပြထားသလိုပါ။

ဒါက ကျွန်တော် တို့ရဲ့ Gmail account ကို Log In ၀င်ဖို့ သုံးခဲ့တဲ့ နောက်ဆုံး IP address ကိုပြနေပါတယ်။ ဒါက ကျွန်တော် တို့ g mail ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ရဲ့ အချိန်၊ နေ့စွဲ ၊ နိုင်ငံနဲ့ ပြည်နယ် တွေ ကို ကျွန်တော် တို့ သတိ ထားကြည့်မိပါလိမ့်မယ်။ တစ်ခြား ကို မသိတဲ့ IP တွေ၊ နေရာ အမည်တွေ တွေ့တယ်ဆိုရင်တော့ တစ်နေရာရာ ကနေ တစ်ယောက်ယောက်က ကျွန်တော် တို့ရဲ့ account ကို သုံးနေတယ် ဆိုတာ သေချာနေပြီပေါ့။

ဒါကို ဖြေရှင်းဖို့တော့ Sign out of all other sessions ကို Click လိုက်ပါ G mail က တစ်ခြား Active ဖြစ်နေတဲ့ Session တွေကို အလိုအလျှောက် Delete လုပ်သွားပေးပါလိမ့်မယ်။ ပြီးတော့မှ Password ကို ချက်ချင်းပြောင်းလိုက်ပါ။
   


5. Filters တွေကိုလည်း စစ်ကြည့်ပါ

Gmail ရဲ့ Filters တွေကို ကျွန်တော် တို့အကောင့်မှာ တစ်ချို့ ကိုခွဲခြားသတ်မှတ် ထားဖို့ သုံးတယ် ဟုတ်၊ တစ်ခြား ခွဲခြားထားချင် တဲ့ မေး တွေကို တစ်ခြား အကောင့်ထဲကို Auto Forward လုပ်လို့ လည်း ရတယ် ၊ဖျက်လို့ရသလို တစ်ခြား များစွာသော Task တွေကို လုပ်လို့ရပါတယ် ၊ စိတ် မကောင်းစွာပဲ Filters တွေ ဟာ G mail account security ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု လည်း ဖြစ်နိုင်ပါတယ်။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ပါ ကိုယ်က Collage က Computer မှာ Mail စစ် ခဲ့တယ် Log out လုပ်ဖို့မေ့ပြီး အခန်းပြန်လာတယ် သယ်ချင်းတစ်ယောက်က တွေ့သွားပြီး ကိုယ့်မေးထဲမှာ သူ့မေးထဲဝင်ဖို့ Filter လေး ခွဲခဲ့မယ် ၊ အဲဒါ လေးက ကိုယ့်ထဲလာသမျှ ကို သူ့ထဲကို Auto Forward လုပ်ပေးနေပါလိမ့်မယ်။သူလုပ်ချင်ရင် ကိုယ့်အကောင့်ကို ပါ Reset လုပ်ကောင်းလုပ်မှာပါ။

ဒါကြောင့် ကိုယ် ဖန်တီးထားတာ မဟုတ်တဲ့ G mail setting ထဲက Filters တွေ ကိုစစ်ကြည့်ပါအုံး၊ သံသယ ရှိရင်တော့ ဖျက်ပစ်လိုက်ပါ။


6. သံသယဖြစ်ဖွယ် Link တွေကို မနှိပ်မိပါစေနဲ့

ဘယ် E mail address ကိုမဆို တစ်ယောက်ယောက်က ဟန်ဆောင် E mail တွေ ပို့လို့ ရတဲ့ Wedsides တွေ ရှိနေပါတယ်၊ အဆိုးဆုံးကတော့ ပို့တဲ့ သူက From address ကို customize လုပ်လို့ရတာပါ noreply@gmail.com တို့ gmailteam@google.com တို့ပါ။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ရအောင်ပါ Mr X က Webside တစ်ချို့ကို သုံးပြီး Mail တစ်ဆောင်ကျွန်တော် ကို ပို့ပါမယ် Security Reason ကြောင့် G mail password ပြောင်းဖို့ပါ။

support@gmail.com လိုမျိုးတစ်ခုခု အဖြစ် From ဆိုတဲ့ Address Field လေး ကို ကြည့်ကြည့်ပါအုံး G mail ကရော ဟုတ်ရဲ့လားလို့ မဟုတ်ပါဘူး အဲဒါ G mail က၊ Password ချိန်းဖို့ ဒါမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာ သေချာ ဖို့ Log In ၀င်ကြည့်ဖို့ Mail တွေ များ ကိုယ့်ရဲ့ inbox ထဲမှာ ရနေတယ် ဆိုရင် ရပ်လိုက်ပါနော်။ ကိုယ့်ရဲ့ Inbox ထဲက အဲလို သံသယ ဖြစ်ဖွယ် လင့် တွေကို မနှိပ်မိပါစေနဲ့နော်။ G mail က အကြောင်းပြချက်မရှိဘဲနဲ့ အဲဒီလိုတွေ ဘယ်တော့မှ ခိုင်းမှာ ဟုတ်ပါဘူးတဲ့၊ ဒါကြောင့် ကိုယ့်ကို Password ပြောင်းဖို့ Google ကနေ ဖြစ်ဟန် ရှိပြီး ပြောလာတဲ့ မေး တွေ ရတယ်ဆိုရင် ကိုယ့်ကိုများ တစ်ယောက်ယောက်က ဟတ် ဖို့ ကြိုးစားနေပြီလား ဆိုတာ သံသယ လေး ၀င်ကြည့်ပါအုံးနော်။
   

7.ဂဏန်းတွေ နဲ့အက္ခရာ ရောနေတဲ့ password တွေသုံးပါ။

နံပါတ်တွေနဲ့ အက္ခရာတွေ နှစ်ခုလုံးပါတဲ့ password ကိုရွေးချယ်ပါ။ Symbols လေးတွေနဲ့ Special characters လေးတွေ သုံးမယ် ဆိုရင် ပိုကောင်းမှာပါ။ ( !, <, >, / , # etc…) ကိုယ့်ရဲ့ ဖုန်းနံပါတ်တို့ မိဘနာမည်တွေ Credit card No တွေကို တော့ ကို အကောင့် Password အဖြစ် မသုံးပါနဲ့။ဖြစ်နိုင်မယ် ဆိုရင် ၁၀ လုံးထက်ကျော်တဲ့ Password ရှည်ရှည် လေး တွေ သုံးပေးပါ။ကိုယ့်ရဲ့ Password ကိုစာရွက်တွေ ပေါ်မှာ ဒါမဟုတ် ကွန်ပျူတာ ထဲမှာ Text File လေးတွေလုပ်ပြီး အသိမ်းပါနဲ့ဗျာ။ပိုရှုပ်လေလေ ပိုပြီး လုံခြုံလေ လေ ပိုကောင်းလေ လေ ပေါ့ဗျာ။ ကျွန်တော်တို့ G mail အကောင့်နဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ် နဲ့ ဆက်သွယ်ထားသင့်ပါတယ်။ ကျွန်တော် တို့ Password မေ့ပြီး Log In ၀င်လို့ မရတော့ဘူးဆိုရင် အသုံးတဲ့လာမှာပါ။

G mail လုံခြုံဖို့ တစ်ခြားနည်းလမ်းလေးတွေ လည်း မျှဝေပေးပါအုံး သယ်ချင်းတို့ရေ...


If you want to read this article in English, here is the link.To my knowledge, I translated that just for knowledge. If I have done something wrong, point me out openly.
Thanks.


Myo Ko

No comments:

Post a Comment